ကိုကြီးကိုကျွန်တော် အရမ်းချစ်ပါတယ်
ကျွန်တော်မသိခဲ့ဘူး
ကျွန်တော် သူ့ကိုအမြဲသတိရနေခဲ့ဖူးတယ် သူ့အသံကြားရတာနဲ့ ဘယလိုမှပြောပြမတက်အောင် ကျွန်တော်ပျော်နေခဲ့ဖူးတယ် သူ့ဆီကချစ်တဲ့စကားကြားတွေကြားရရင် ကျွန်တော်မျက်ရည်ကျမတက် ကြည်နှူးနေခဲ့ဖူးတယ်
ကျွန်တော်မသိခဲ့ဘူး
ကျွန်တော် သူနဲ့အဆက်အသွယ်မရတဲ့နေ့ဆိုဘာမှမလုပ်နိုင်အောင် မှိုင်တွေနေခဲ့ဖူးတယ် စာကျက်နေချိန်တိုင်းလည်း သူ့ဖုန်းကို သူ့messageကို မျှော်နေခဲ့ဖူးတယ် ညတိုင်းမအိပ်မီ သူ့ကိုGoodNightပါ ချစ်တယ် အရမ်းချစ်တယ် ကိုကြီးကိုအရမ်းချစ်လို့ အကြိမ်ကြိမ် အခါခါ message တွေပို့ခဲ့ဖူးတယ်
ကျွန်တော်မသိခဲ့ဘူး
ကျွန်တော် သူ့ကိုအမြဲတွေ့ချင်စိတ်တွေဖြစ်နေခဲ့ဖူးတယ် စာလုပ်နေရင် သူ့ပုံလေးကိုဖွင့်ပြီး စာကြည့်ခုံဘေးမှာ ချထားဖူးတယ် ညအိပ်ခါနီး ခေါင်းအုံးဘေးမှာ တစ်ခါတစ်လေ ရင်ဘတ်ပေါ်မှာ သူ့ပုံလေးတင်ပြီး အိပ်ပျော်သွားတဲ့ညတွေ များခဲ့ဖူးတယ်
ကျွန်တော်မသိခဲ့ဘူး
ကျွန်တော် မျှော်နေခဲ့ဖူးတယ် သူonlineကိုတက်လာမယ့်အချိန်မျိုး သူဖုန်းဆက်နေကျအချိန်မျိုး သူသတိတရနဲ့messageလေးတစ်စောင်ပို့လာမယ့် အချိန်မျိုး ကျွန်တော်စောင့်နေခဲ့ဖူးတယ် အားလုံးကိုမေ့ပြီး ရှိသမျှအလုပ်တွေထားပြီး သူ့ကိုမျှော်နေခဲ့ဖူးတယ်
ကျွန်တော်မသိခဲ့ဘူး
ကျွန်တော်ဘာမှမသိခဲ့ဘူး ချစ်နေရတာပဲသိတယ်
ကျွန်တော်ဘာမှမသိခဲ့ဘူး သူ့အနားမှာနေချင်တာပဲသိတယ်
ကျွန်တော်ဘာမှမသိခဲ့ဘူး ဝေးကြရမယ်ဆိုတာ အတွေးထဲမှာတောင်မထည့်ဖူးဘူး
ကျွန်တော်ဘာမှမသိခဲ့ဘူး သူမှသူပဲ ဖြစ်နေခဲ့ဖူးတယ်
ကျွန်တော်လေ ကြိုသိနိုင်ခဲ့ရင် ကြိုတွေးတက်ခဲ့ရင် ကြိုပြီးစဉ်းစားမိခဲ့ရင် အရမ်းကောင်းမှာပဲ
ကျွန်တော် သူနဲ့ခွဲရမှာသေမတက်ကြောက်ပါတယ်
သူ့ကိုကျွန်တော်အရမ်းချစ်တာပါ
အခုဆိုရင်သူထားသွားတာလည်း ကြာခဲ့ပါပြီ
ကျွန်တော့်စိတ်တွေက သူ့အနားနားမှာ တဝဲလည်လည်ပါပဲ ကျွန်တော်သေလူဖြစ်ခဲ့ပါပြီ အပြုံးအရယ်ကင်းမဲ့ခဲ့ပြီ တစ်ခုခုကိုအကြာကြာကြီးတွေဝေနေတက်ပြီ သတိရမိတိုင်းမျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်တက်လာပြီ သူဘာလုပ်နေမလဲဆိုတဲ့ အတွေးနဲ့ သူ့ကိုအချိန်တိုင်း သတိရနေမိတာ ကျွန်တော် ရှင်ရက်နဲ့ သေခဲ့ရတာ ကြာပါပြီ
ကျွန်တော့်ကိုသတိရသေးရင် ကျွန်တော့်အပေါ်မှာ သံယောဇဉ်လေးရှိနေသေးရင် ကျွန်တော့်ဆီပြန်လာခဲ့ပါနော်
ကျွန်တော်ကိုကြီးကို အရမ်းချစ်လို့ပါ.......
No comments:
Post a Comment